
သခင်ယေရှုထံသို့ အပ်နှံခြင်း
၁၉၅၁ တွင် Joseph Stalin (ဂျိုးဇက်စတာလင်)၏ ဆရာဝန်က သူ၏ကျန်းမာရေးအခြေအနေကို ထိန်းရန်အတွက် သူ၏အလုပ်တာဝန်များကို လျှော့ချရန် အကြံပေး ခဲ့သည်။ ဆိုဗီယက်ပြည်ထောင်စု၏အာဏာရှင်က ဆရာဝန်ကို သူလျှိုလုပ်သည်ဟုစွပ်စွဲပြီး သူ့အား ဖမ်းဆီးစေခဲ့သည်။ အလိမ်အညာမုသာများဖြင့် လူများစွာကို ဖိနှိပ်ခဲ့သော အာဏာရှင်သည် အမှန်တရားကိုလက်မခံနိုင်ဘဲ အကြိမ်ပေါင်းများစွာ သူပြုခဲ့သည့်အတိုင်း အဖြစ်မှန်ကို ပြောပြခဲ့သူအား ဖယ်ရှားခဲ့သည်။ မည်သို့ပင်ဖြစ်စေကာမူ အမှန်တရားက အောင်နိုင်ခဲ့သည်။ ၁၉၅၃ တွင် စတာလင် ကွယ်လွန်ခဲ့သည်။
ပရောဖက်ယေရမိသည် သူ၏ကြောက်မက်ဖွယ်ကောင်းသော ဟောကိန်းကြောင့် ဖမ်းဆီးခံရပြီး သံကြိုးဖြင့် ချည်နှောင်ခြင်းခံရသည် (ယေ ၃၈:၁-၆၊ ၄၀:၁)၊ ယေရုရှလင်မြို့မည်သို့ဖြစ်မည်ကို ယုဒရှင်ဘုရင်အား သူအတိအကျ ပြောပြခဲ့သည်။ “အကျွန်ုပ်ဆင့်ဆိုသော ထာဝရဘုရား၏အမိန့်တော်ကို နားထောင်တော်မူပါ” ဟု ဇေဒကိမင်းအား ပြောခဲ့သည် (၃၈:၂၀)။ မြို့ကို ဝိုင်းထားသည့်စစ်တပ်ထံ လက်နက်မချခြင်းက အခြေအနေကို ပို၍ဆိုးရွားသွားစေမည်သာဖြစ်သည်။ “ကိုယ်တော်၏…

စေတနာစိတ်ထားခြင်း
အကောင်းဆုံး စီးပွားရေးအလေ့အထဟု ကျွန်ုပ်တို့စဥ်းစားရာတွင် ကြင်နာမှုနှင့် ရက်ရောမှုကဲ့သို့သော အရည်အချင်းများမှာ အရင်ဆုံး စိတ်ထဲပေါ်လာသော အရာများ မဟုတ်ပေ။ သို့သော် လုပ်ငန်းရှင် James Rhee (ဂျိမ်းစ်ရီး)၏ အဆိုအရမူ ထိုအရာများ ပါဝင်သင့်သည်။ ငွေကြေး အကျပ်အတည်းဆိုက်နေသည့် ကုမ္ပဏီတစ်ခု၏ အမြင့်ဆုံးသောအရာရှိ CEO အဖြစ် ရီး ၏ အတွေ့အကြုံအရ သူသည် “စေတနာ” ဟု ခေါ်သော “ကြင်နာမှု”နှင့် ပေးကမ်းခြင်းစိတ်ဓာတ်ကို
ဦးစားပေးကာ ကုမ္ပဏီကို ကယ်တင်ခဲ့ပြီး ကြီးပွားတိုးတက်စေခဲ့သည်။ ဤအရည်အချင်းများကို ဗဟိုပြုခြင်းသည် လူတို့အား စည်းလုံးညီညွတ်မှု၊ တီထွင်ဆန်းသစ်မှုနှင့် ပြဿနာဖြေရှင်းရန် လိုအပ်သော မျှော်လင့်ချက်နှင့် စိတ်ဓာတ်လှုံ့ဆော်မှုကို ပေးစွမ်းသည်။ ရီး က “စေတနာသည် ပေါင်းစည်း၍ ချဲ့ထွင်နိုင်သည့် စစ်မှန်သော အဖိုးတန် အရည်အချင်းတစ်ခုဖြစ်သည်”ဟု ရှင်းပြသည်။
နေ့စဥ်ဘဝတွင်လည်း အခြားဦးစားပေးအရာများ၏နောက်မှ စဥ်းစားမိသည့် ကြင်နာမှု…

နွေးထွေးသောနှလုံးသား၊ ကမ်းလှမ်းသောလက်များ
ဒီဇင်ဘာလခေါင်းစဥ် | သောင်းပြောင်းယဉ်ကျေးမှုအစုံအလင်ကြား ရှင်သန်ခြင်း
ဗင်နီဇွဲလားနိုင်ငံ၊ ကာရာကပ်စ်ဒေသ၏ညလေထုမှာ နွေးထွေးသိပ်သည်းသည်။ ရှုပ်ထွေးစည်ကားနေသည့်လမ်းမ၌ ဒေသခံအစားအစာများဖြစ်သည့် ပင်နာဒါရီစ် (panaderies) မုန့်၊ တာကိုမုန့်ရနံ့များ၊ ဓာတ်ဆီနံ့များ ဖုံးလွှမ်းနေသည်။ ကျွန်ုပ်တို့ သူငယ်ချင်းနှစ်ဉီးကို ညစာဖိတ်ကျွေးသည့် တိုက်ခန်းသို့ရောက်သောအခါ ကိုယ်ခန္ဓာကြီးထွားပြီး နေဝန်းပမာအပြုံးကြီးနှင့်…
အားလုံးအတွက် ဘုရားသခင်၏နှလုံးသား
အသက်ကိုးနှစ်အရွယ် Dan Gill (ဒန်ဂေးလ်) သည် သူ၏အချစ်ဆုံးသူငယ်ချင်း အာရ်ချီ နှင့်အတူ သူတို့အတန်းဖော်၏ မွေးနေ့ပွဲသို့ ရောက်လာခဲ့သည်။ သို့သော် မွေးနေ့ရှင်ကောင်လေး၏မိခင်က အာရ်ချီကိုတွေ့သောအခါ ဝင်ခွင့် မပေးခဲ့ပေ။ “ထိုင်ခုံမလောက်ဘူး” ဟု သူမပြောခဲ့သည်။ လူမည်းဖြစ်သော သူ့သူငယ်ချင်း နေရာရရန်အတွက် ဒန်က သူကြမ်းပြင်၌ ထိုင်မည်ဟု အတန်တန်ဆိုသော်လည်း သူမကငြင်းခဲ့သည်။ စိတ်မချမ်းမြေ့ဖြစ်သော ဒန်သည် သူတို့၏လက်ဆောင်များကို သူမအား ပေးခဲ့ပြီး အာရ်ချီနှင့်အတူအိမ်သို့ပြန်ခဲ့သည်။ သူ့သူငယ်ချင်း ငြင်းပယ်ခံရခြင်း၏နာကျင်မှုသည် သူ၏နှလုံးသားကို လောင်မြိုက်စေသည်။
ဆယ်စုနှစ်များကြာပြီးနောက် ယခုတွင် ဒန်သည် ကျောင်းဆရာတစ်ဦးဖြစ်လာပြီး သူ၏စာသင်ခန်းတွင် ကုလားထိုင်အလွတ်တစ်လုံးကို ထားရှိသည်။ ကျောင်းသားများက ဘာကြောင့်လဲဟု မေးသောအခါ ဒန်က “စာသင်ခန်းထဲတွင် မည်သူအတွက်မဆို အမြဲနေရာလွတ် ထားရှိပေးရန်” သူအတွက် သတိပေးချက်ဖြစ်ကြောင်း ရှင်းပြသည်။
ယေရှု၏ကြိုဆိုခြင်းအသက်တာတွင် လူတိုင်းအတွက်နှလုံးသားကို တွေ့မြင် နိုင်သည်။ “ဝန်လေး၍…
